ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်ကို အခြားဥပဒေ တရပ်ရပ်ဖြင့် ရုပ်သိမ်းလျှင် ယင်းသို့ ရုပ်သိမ်းခြင်း မပြုမီက-
(က) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်၏ အာဏာသက်ရောက်ခဲ့ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေပြဋ္ဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။
(ခ) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့်၊ သို့မဟုတ် အခွင့်အရေးကို လည်းကောင်း၊ ဆောင်ရွက်ခဲ့ရသည့်တာဝန်နှင့် ကျခံခဲ့ရသည့် ကြွေးမြီတို့ကိုလည်းကောင်း မထိခိုက် စေရ။
(ဂ) ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ခံခဲ့ရသော ပြစ်ဒဏ်နှင့် ပြည်သူ့ဘဏ္ဍာအဖြစ် ပစ္စည်း သိမ်းယူခံရခြင်းတို့ကို မထိခိုက်စေရ။
(ဃ) အထက်ကဆိုခဲ့သော ရပိုင်ခွင့်၊ သို့မဟုတ် အခွင့်အရေး၊ သို့မဟုတ် တာဝန်၊ သို့မဟုတ် ကြွေးမြီ၊ သို့မဟုတ် ပြစ်ဒဏ်၊ သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် ပစ္စည်းသိမ်းယူခံရခြင်းတို့နှင့် စပ်လျဉ်းသော စုံစမ်း စစ်ဆေးမှု၊ မှုခင်း၊ တရားစွဲဆိုလျှေက်ထားနိုင်ခွင့်တို့ကို မထိခိုက်စေရ။ ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်း ချက်သည် အတည်ဖြစ်နေသေးဘိသကဲ့သို့ ဆက်လက်ပြုလုပ်နိုင်သည့်ပြင်၊ ယင်းဥပဒေအရ၊ ပြစ်ဒဏ်ပေး ခြင်း၊ ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
ခြွင်းချက်။ ။ ရုပ်သိမ်းခြင်းပြုသော ဥပဒေ၌ တနည်းတဖုံ ဖော်ပြထားလျှင် ယင်းသို့ဖော်ပြထားသည့် အတိုင်းသာ ဖြစ်စေရမည်။