ပုဒ်မ ၅၀
ပုဒ်မ ၅၀
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

အစုရှယ်ယာအများဆုံး ပိုင်ဆိုင်မှုကို ကန့်သတ်ခြင်း

ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-

(က) ပုဂ္ဂိုလ်တစ်ဦးဦးက အများဆုံးကိုင်ဆောင်ထားနိုင်သည့် ဘဏ်၏ မဲပေးနိုင်သည့် အစုရှယ်ယာ ရာခိုင်နှုန်းနှင့်

(ခ) ကုမ္ပဏီ၊ လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အတန်းအစားအလိုက် ပုဒ်မခွဲ(က) အရ အများဆုံး ပိုင်ဆိုင်နိုင်သည့် အစုရှယ်ယာရာခိုင်နှုန်း။