ပုဒ်မ ၂၈၁
ပုဒ်မ ၂၈၁
မမှန်သောမီးရောင်၊ အမှတ်အသား သို့မဟုတ် ရေကြောင်းပြဗော်ယာကိုပြခြင်း

မည်သူမဆို ရေယာဉ်ဦးစီးကို လွဲမှားစေရန် ကြံရွယ်၍သော်လည်းကောင်း၊ လွဲမှားစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း မမှန်သောမီးရောင်ကို သို့မဟုတ် အမှတ်အသားကို သို့မဟုတ် ရေကြောင်းပြ ဗော်ယာကိုပြလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. ခရိုင်တရားသူကြီးက စစ်ဆေးနိုင်သည်။