ပုဒ်မ ၆၁
ပုဒ်မ ၆၁
ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ

မည်သူမဆို လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ချိုးဖောက်မှုတစ်ခုခုကို ကျူးလွန်ပါက ပြစ်မှုကျူးလွန်ရာရောက်သည်-

(က) ကလေးသူငယ်ကို စုဆောင်းခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခတွင် အသုံးပြုခြင်း၊

(ခ) ရိက္ခာလက်နက်ပစ္စည်း သယ်ယူခိုင်းခြင်း သို့မဟုတ် သယ်ယူရန် အနိုင်အထက်ဆင့်ခေါ်ခြင်း၊

(ဂ) ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း၊

(ဃ) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊

(င) ကျောင်း သို့မဟုတ် ကလေးသူငယ်များတက်ရောက်ကုသသည့် ဆေးရုံများကို တိုက်ခိုက်ခြင်း၊

(စ) လူသားချင်းစာနာမှု အကူအညီ၊ အထောက်အပံ့နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ရရှိမှုကို ငြင်းဆိုအဟန့် အတားပြုခြင်း။