မသန်စွမ်းကလေးသူငယ်များသည်-
(က) မွေးရာပါ အသက်ရှင်သန်ခွင့်ရှိပြီး ကလေးသူငယ်အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ကိုးကွယ်ပိုင်ခွင့်အပါအဝင် အခြေခံလွတ်လပ်ခွင့်များကို အခြားသန်စွမ်းသူ ကလေးသူငယ်များနည်းတူ ခံစားခွင့်ရှိသည်။
(ခ) မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ အခွင့်အရေးများအပြင် သန်စွမ်းသူကလေးများနှင့် တန်းတူခံစားခွင့်ရှိသည်။
(ဂ) ကိုယ်တိုင်ဆုံးဖြတ်သုံးသပ်နိုင်စွမ်းမရှိသည့် ဉာဏ်ရည်ဆိုင်ရာ မသန်စွမ်းကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် တည်ဆဲဥပဒေနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူက ကိုယ်စား စီစဉ်ဆောင်ရွက်ခွင့်ရှိသည်။
(ဃ) နိုင်ထက်စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုအမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ်ရထိုက်ခွင့် ရှိသည်။