ပုဒ်မ ၃၁
ပုဒ်မ ၃၁
အသုံးပြုသူကို အကာအကွယ်ပေးခြင်း

(က) ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်း များကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။

(ခ) လုပ်ငန်းလိုင်စင်ရရှိသူသည် အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။