ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှု တခုခုသည် ဥပဒေနှစ်ရပ်၊ သို့မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများ အရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတရပ်ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ပြစ်မှုတရပ်တည်းအတွက် ပြစ်ဒဏ်တကြိမ်ထက်ပို၍ မခံစေရ။