သူတစ်ဦးဦးအား ခိုးယူခဲ့ကြောင်း သို့မဟုတ် သွေးဆောင်ဆွဲခေါ်ခဲ့ကြောင်းကို သိလျက်နှင့် မည်သူမဆို ထိုသူကို မတရားသဖြင့်ဝှက်ထားလျှင် သို့မဟုတ် ချုပ်နှောင်ထားလျှင် မိမိကိုယ်တိုင်က ဝှက်ထားရန် သို့မဟုတ် ချုပ်နှောင်ထားရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့ဝှက်ထားသည်ကို သို့မဟုတ် ချုပ်နှောင်ထားသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ဝှက်ထားရန် သို့မဟုတ် ချုပ်နှောင်ထားရန် ကိစ္စအလို့ငှာသော်လည်း ကောင်း ခိုးယူသကဲ့သို့ သို့မဟုတ် သွေးဆောင်ဆွဲခေါ် သကဲ့သို့ ထိုသူကိုထပ်တူ ပြစ်ဒဏ်ချမှတ်ရမည်။
ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။