ကုန်စည်သည် သို့မဟုတ် သေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခု၌ ပါရှိသည့် ကုန်စည်သည်သူ တစ်ဦးဦး၏ ထုတ်လုပ်ကုန်စည် သို့မဟုတ် အရောင်းအဝယ် ကုန်စည်မဟုတ်ပါဘဲလျက် ဟုတ်ကြောင်း ယုံကြည်စေရန် ယုတ္တိရှိအောင် စီမံပြုလုပ်ထားသော နည်းလမ်းဖြင့် မည်သူမဆို ထိုကုန်စည်များကိုသော် လည်းကောင်း၊ ကုန်စည်များပါရှိသော ထိုသေတ္တာ၊ အထုပ်၊ အခြားထည့်စရာတစ်ခုခုကိုသော်လည်း ကောင်း အမှတ်အသားပြုလျှင် သို့မဟုတ် ထိုသို့ အမှတ်အသားပါရှိသော သေတ္တာ၊ အထုပ်၊ အခြားထည့် စရာတစ်ခုခုကို သုံးစွဲလျှင် ထိုသူသည် အစစ်အမှန်မဟုတ်သော ကုန်အမှတ်တံဆိပ်ကို သုံးစွဲသည် မည်၏။