အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ ကာမသွေးဆောင် အကျင့်ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ ဆယ့်ရှစ်နှစ် အောက်အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးဦးကို အခြားသူတစ်ဦးဦးနှင့် မတရားသဖြင့် ကာမ စပ်ယှက်စေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသို့အနိုင်အထက်ပြုခြင်း သို့မဟုတ် ကာမသွေးဆောင် ခြင်းခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုမိန်းကလေးအား တစ်နေရာရာမှ ထွက်သွားစေရန် သို့မဟုတ် ပြုလုပ်မှုတစ်ခုခုကိုပြုစေရန် မည်သူမဆို တစ်နည်းနည်းဖြင့် ထိုမိန်းကလေး ကို သွေးဆောင်လျှင် ထိုသူကို ဆယ်နှစ်ထိထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။