ပုဒ်မ ၄၀၈
ပုဒ်မ ၄၀၈
စာရေးကဖြစ်စေ၊ အစေခံကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု

မည်သူမဆို စာရေးသော်လည်းကောင်း၊ အစေခံသော်လည်းကောင်းဖြစ်၍ သို့မဟုတ် စာရေး အဖြစ်ဖြင့် သော်လည်းကောင်း၊ အစေခံအဖြစ်ဖြင့်သော်လည်းကောင်း စေခိုင်းခြင်းခံရ၍ ထိုသို့သော အနေဖြင့် ပစ္စည်းကို သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် အပ်နှံခြင်းခံရသည်တွင် ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက သို့မဟုတ်  မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။