မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော်လည်းကောင်း၊ အများပြည်သူကိုဖြစ်စေ၊ သူတစ်ဦးဦးကိုဖြစ်စေ ပျက်စီးဆုံးရှုံးစေမှု သို့မဟုတ် ထိခိုက်နစ်နာစေမှုကိုဖြစ်စေရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း၊ သေတမ်းစာဖြစ်သော သို့မဟုတ် သေတမ်းစာသဘော သက်ရောက်သော စာတမ်းအမှတ်အသားကိုဖြစ်စေ၊ သားမွေးစားရန် ခွင့်ပြုချက်ဖြစ်သော စာတမ်းအမှတ်အသားကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကိုဖြစ်စေ ပယ်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဌာန်ဖျက်ခြင်း တစ်ခုခုကိုပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ် လျှင် သို့မဟုတ် ဖုံးကွယ်လျှင် သို့မဟုတ် ဖုံးကွယ်ရန် အားထုတ်လျှင် သို့မဟုတ်ဆိုခဲ့သော စာတမ်းအမှတ် အသားနှင့်စပ်လျဉ်း၍ အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။