ပုဒ်မ ၂၂၈
တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ် ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း
မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးက တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆောင်ရွက် နေစဉ် ထိုပြည်သူ့ဝန်ထမ်းကို တမင်စော်ကားလျှင် သို့မဟုတ် ဝင်ရောက်နှောင့်ယှက်လျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့နှင့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးမပိုင်
- ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- အခန်း (၃၅)ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြစ်မှုကျူးလွန်ခဲ့သည့် တရားရုံးက စစ်ဆေးနိုင်သည်။
Related Law