ပုဒ်မ ၁၈
ပုဒ်မ ၁၈
လိုင်စင်ရရှိသူ၏တာဝန်များ

ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရရှိသူသည်-

(က) မိမိပိုင်ဆိုင်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများအား လိုင်စင်တွင် သတ်မှတ်ပေးထားသည့်နေရာ၌ သာ ထားရှိအသုံးပြုရမည်။

(ခ) လိုင်စင်အရ မိမိအား အသုံးပြုခွင့်ပေးထားသည့် ဆက်သွယ်ရေးစက်ပစ္စည်းမှတစ်ဆင့် နိုင်ငံတော်၏ လုံခြုံရေးကို မထိခိုက်စေရန် ဆောင်ရွက်ထားရှိမည်။

(ဂ) မိမိအသုံးပြုသည့် စက်ပစ္စည်းများနှင့် စပ်လျဉ်းပြီး ဦးစီးဌာနမှ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်။