ပုဒ်မ ၂၇
ပုဒ်မ ၂၇
ကလေးသူငယ်ကိုမွေးစားခြင်း

(က) မြန်မာနိုင်ငံသားတစ်ဦးဦးသည် အောက်ဖော်ပြပါ ကလေးသူငယ်အား မှတ်ပုံတင်၍ မွေးစား ခွင့်ပြုရန် သက်ဆိုင်ရာမွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်သည်-

(၁) မိဘမဲ့ကလေးသူငယ်၊

(၂) မိဘကပြုစုစောင့်ရှောက်နိုင်ခြင်းမရှိသော ကလေးသူငယ် သို့မဟုတ် မိဘက ပြုစုစောင့်ရှောက် သော်လည်း ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသဖြင့် မိဘ၏ သဘောတူညီချက်ရရှိသော ကလေးသူငယ်၊

(၃) မိဘ သို့မဟုတ် အုပ်ထိန်းသူနှင့် အမြဲတမ်း ကွဲကွာနေသည့်အပြင် ဆွေမျိုးသားချင်းကလည်း ပြုစုစောင့်ရှောက်နိုင်ခြင်းမရှိသော ကလေးသူငယ်၊

(၄) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော အခြားကလေးသူငယ်။

(ခ) ကလေးသူငယ်ကိုမွေးစားလိုသူသည် မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံတွင် မှတ်ပုံတင်၍ မွေးစားခြင်းမပြုဘဲ သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တည်ဆဲကိတ္တိမ မွေးစားခြင်းမှတ်ပုံတင် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မွေးစားစာချုပ်ကို မှတ်ပုံတင်၍ မွေးစားနိုင်သည်။

(ဂ) သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသည် ပုဒ်မခွဲ (ခ) အရ ကလေးသူငယ် မွေးစားစာချုပ် ကို မှတ်ပုံတင်သည့်အခါ ဤဥပဒေအရ မွေးစားသားသမီးများ၏ အခွင့်အရေးများ ခံစားနိုင်စေရန် အလို့ငှာ မွေးစားစာချုပ် မှတ်ပုံတင်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ၎င်းစာချုပ် မိတ္တူနှင့်အတူ သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိထံသို့ ပေးပို့အကြောင်းကြားရမည်။