ပုဒ်မ ၄၉
ပုဒ်မ ၄၉
မတည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့် ပိုင်ဆိုင်မှု

(က) ဗဟိုဘဏ်က ပုဒ်မ ၄၈ အရ စာဖြင့်ကြိုတင်ခွင့်ပြုချက်နှင့်စပ်လျဉ်း၍ လျှောက်ထားမှုကို အတည်ပြုချက်ထုတ်ပေးသည့်အခါ မိမိ၏လုပ်ငန်းကို အခြားပုဂ္ဂိုလ်သို့ လွှဲပြောင်းပေးရမည့် အဖွဲ့ အစည်းနှင့် လုပ်ငန်းကို လွှဲပြောင်းရယူမည့်သူတို့သည် သဘောတူစာချုပ်ကို အကျိုးသက်ရောက်မှု ရှိစေ ရေးအတွက် လိုအပ်သည့် အမိန့်ထုတ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်သို့ ပူးတွဲလျှောက်လွှာကို တင်သွင်းနိုင်သည်။

(ခ) ပုဒ်မခွဲ(က) အရလျှောက်လွှာအပေါ် ကြားနာရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ကိစ္စရပ်အခြေအနေအရ သင့်လျော်မျှတမည်ဟု ထင်မြင်သည့်အတိုင်း အကျိုးသက်ရောက်မှု ရှိသည့် စည်းကမ်းချက်ဖြင့် အမိန့်ချမှတ်ပေးခြင်း၊ အဆိုပါအမိန့်ကို ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ(ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ချမှတ်သည့် အမိန့်ကိုလွှဲပြောင်းပေးခြင်း ခံရသူသည် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။

(ဃ) လွှဲပြောင်းပေးသူသည် ပုဒ်မခွဲ (ခ)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်က အမိန့်ချမှတ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း အဆိုပါအမိန့်မှန်ကန်ကြောင်း အတည်ပြု ထားသည့် အမိန့်မိတ္တူကို ဗဟိုဘဏ်က မှန်ကန်ကြောင်း အတည်ပြုထားသည့် သဘောတူညီချက် သို့မ ဟုတ် အစီအစဉ် မိတ္တူပူးတွဲ၍-

(၁) ကုမ္ပဏီများ မှတ်ပုံတင်အရာရှိထံနှင့်

(၂) ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော သို့မဟုတ် အမိန့်အရ လွှဲပြောင်း ပေးသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတွင် အကျိုးသက်ဆိုင်သည့် သက်ဆိုင်ရာ မှတ်ပုံတင် သို့မဟုတ် မှတ်တမ်းအာဏာရှိသူထံ (ရှိလျှင် )တင်သွင်းရမည်။

(င) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ပုဒ်မခွဲ (က) အရ လွှဲပြောင်းရောင်းချနိုင်သော မြေကိုဖြစ်စေ၊အစုရှယ်ယာတစ်ခုခုကိုဖြစ်စေ၊ လွှဲပြောင်းရောင်းချနိုင်သော မြေတွင် အကျိုးအမြတ်ကိုဖြစ်စေ လွှဲပြောင်းပေးခြင်းခံရသူ သို့ အမိန့်ဖြင့်အပြီးအပိုင် အပ်နှင်းသည့်အခါ အဆိုပါ အမိန့်ချမှတ်ပြီးနောက် မြေစီမံခန့်ခွဲသူက ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်မှု ရှိစေရန် အလို့ငှာ အဆိုပါအမိန့် မိတ္တူကို မြေစီမံခန့်ခွဲသူထံ ချက်ချင်းပေးပို့စေရမည်။

(စ) ပုဒ်မခွဲ (ခ)အရ ချမှတ်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ အမိန့်သည် နိုင်ငံတော်ပြင်ပ၌ ရှိသော လွှဲပြောင်းပေးသူ၏ ပစ္စည်းသို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်နိုင် သည်။ ထိုသို့ သက်ဆိုင်မှုရှိနေလျှင် အကျိုးသက်ရောက်မှု ရှိစေရန် အဆိုပါပစ္စည်း သို့မဟုတ် လုပ်ငန်း တည်ရှိသည့် နိုင်ငံနှင့် နိုင်ငံတော်အကြား တရားရုံး စီရင်ချက်များကို အတည်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ အပြန်အလှန် အစီအစဉ်များရှိလျှင် ထိုအစီအစဉ်အတိုင်း လုပ်ရမည်။ ထိုကဲ့သို့ အစီအစဉ်မရှိလျှင် အဆိုပါ နိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်။