အကျိုးခံစားခွင့်ရှိသူပိုင်ရှင် (Beneficial owner) ဆိုသည်မှာ မူရင်းပိုင်ဆိုင်သူ၊ ဆက်သွယ်ဆောင်ရွက်သူ တစ်ဦးအားထိန်းချုပ်သူ သို့မဟုတ် လွှဲပြောင်းဆောင်ရွက်မှုတစ်ခုခုကို မိမိကိုယ်စားအခြားသူတစ်ဦးက ဆောင်ရွက်စေသူတစ်ဦးဦးကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ဆောင်ရွက်မှု သို့မဟုတ် ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှုကို ထိရောက်သောထိန်းချုပ်မှုပြုသည့်သူ သို့မဟုတ် သွယ်ဝိုက်၍ ပိုင်ဆိုင်မှု ကွင်းဆက်အဆင့်ဆင့်ထိန်းချုပ်သူလည်း ပါဝင်သည်။