ပုဒ်မ ၃၀
ပုဒ်မ ၃၀
အသုံးပြုသူကို အကာအကွယ်ပေးခြင်း

လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) ခွင့်ပြုပေးထားသော ဝန်ဆောင်ခနှုန်းထားနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးရမည်။

(ခ) ခွင့်ပြုပေးထားသော ဝန်ဆောင်ခနှုန်းထားကို ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်လိုပါက ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်။