ပုဒ်မ ၃၄၄
ပုဒ်မ ၃၄၄
ဆယ်ရက် သို့မဟုတ် ဆယ်ရက်ထက်ပို၍ မတရားချုပ်နှောင်ထားမှု

မည်သူမဆို သူတစ်ဦးဦးကို ဆယ်ရက်သော်လည်းကောင်း၊ ဆယ်ရက်ထက်ပို၍ သော်လည်းကောင်း မတရားချုပ်နှောင်ထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်