ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
(က) နိုင်ငံတော်အတွင်း လိုအပ်ပြီး သင့်လျော်သော နယ်မြေများတွင် ကလေးသူငယ်တရားရုံးများ တည်ထောင်ရမည်။ ထို့အပြင် ကလေးသူငယ်တရားသူကြီးများကို ခန့်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ကလေးသူငယ်တရားရုံး တည်ထောင်ထားခြင်းမရှိသော နယ်မြေဒေသတွင် မြို့နယ်တရားသူကြီးအား ကလေးသူငယ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာကို အပ်နှင်းနိုင်သည်။