သက်ဆိုင်ရာ မွေးစားခြင်းမှတ်ပုံတင် လူမှုဝန်ထမ်းအရာရှိသည် မွေးစားစာချုပ်ကို မှတ်ပုံတင်ပြီး နောက် မွေးစားမိဘက မွေးစားခြင်းဆိုင်ရာ တာဝန်နှင့် စည်းကမ်းချက် သို့မဟုတ် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း ရှိ မရှိ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး သတ်မှတ်ထားသော တာဝန်နှင့် စည်းကမ်းချက် သို့မဟုတ် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိပါက မွေးစားခြင်းကို ပယ်ဖျက် သင့်ကြောင်း သဘောထားမှတ်ချက်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြရမည်။