ပုဒ်မ ၄၅
ပုဒ်မ ၄၅
ပြစ်မှု နှင့်ပြစ်ဒဏ်များ

တရားရုံးသည် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှု ထင်ရှား တွေ့ရှိလျှင် သက်ဆိုင်ရာ ပြစ်မှုအတွက် ချမှတ်ရမည့် ပြစ်ဒဏ်အပြင် -

(က) ပြစ်မှုကျူးလွန်သူကြောင့် သစ်တောဦးစီးဌာန၏ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကို သစ်တောဦးစီး ဌာနသို့ လျော်ကြေးပေးဆောင်စေရန် အမိန့်ချမှတ်ရမည်။

(ခ) ပြစ်မှုနှင့်သက်ဆိုင်သော တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေး ရမည်။

(ဂ) ပြစ်မှုနှင့် သက်ဆိုင်သည့် ယာဉ်၊ တိရစ္ဆာန်နှင့် အခြားပစ္စည်း၊ ကိရိယာများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်နိုင်သည်။

(ဃ) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျုးကျော်ဝင်ရောက်နေထိုင်ခြင်း၊ လုပ်ကိုင်ခြင်း နှင့် ပတ်သက်၍ လူ၊ စိုက်ပျိုးပင်၊ သီးနှံပင်၊ တိရစ္ဆာန်၊ အဆောက်အဦး၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်းမှ ရက်ပေါင်း ၃၀ အတွင်းဖယ်ရှားရန် အမိန့်ချမှတ်ရမည်။