ပုဒ်မ ၁၀
ပုဒ်မ ၁၀
ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များ

(က) ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်း တာဝန်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ တစ်ဆင့်မြင့်ရှိ ဒေသဆိုင်ရာ ကော်မတီသို့ အစီရင်ခံစာတင်ပြရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်သည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို သတ်မှတ်ချက်များနှင့် အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီနှင့် အမျိုးသားကော်မတီသို့ အဆင့်ဆင့်တင်ပြရမည်။