ပုဒ်မ ၁၁၁
ပုဒ်မ ၁၁၁
ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်အား ရပ်ဆိုင်းထားခြင်း

(က) ဤအခန်းပါ လုပ်ပိုင်ခွင့်များအပြင် ဗဟိုဘဏ်သည် ဘဏ်၏ အကျိုးအတွက်ဖြစ်စေ၊ ငွေအပ် နှံသူများ၏ အကျိုးစီးပွားနှင့် စုဆောင်းငွေများကို ကာကွယ်ရန်ဖြစ်စေ၊ ငွေကြေးစနစ်တည်ငြိမ်ရန်ဖြစ်စေ လိုအပ်သည်ဟု ထင်မြင်လျှင် အများပြည်သူ သိရှိနိုင်ရန် အောက်ပါတို့ကို ထုတ်ပြန်ကြေညာရမည်-

(၁) အမိန့်တွင် ဘဏ်၏ ဘဏ်လုပ်ငန်းအားလုံး သို့မဟုတ် အချို့အဝက်ကို လုပ်ကိုင်ခွင့် တားမြစ်ပိတ် ပင်ခြင်း၊

(၂) ဘဏ်အား ဘဏ်လုပ်ငန်းနှင့်ဆက်နွှယ်သော လုပ်ငန်းတာဝန်များအားလုံး သို့မဟုတ် အစိတ်အပိုင်း ကို ဆောင်ရွက်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း၊

(၃) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) အရ တားမြစ်ထားသော ကာလအတွက် အကျိုးသက် ရောက်မှုရှိစေရန် ထိုတားမြစ်သည့်ကာလအတွင်း ဤဥပဒေအရ ထုတ်ပေးသည့် ဘဏ်၏ လိုင်စင်အား ရပ်ဆိုင်းထားခြင်း၊

(၄) အထက်ပါပုဒ်မခွဲများပါ ပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန် အလို့ငှာ ဘဏ်၏ ပိုင်ဆိုင် ပစ္စည်းများ၊ စာအုပ်များနှင့် စာတမ်းအမှတ်အသားများကို ဗဟိုဘဏ်က ထိန်းချုပ်ကွပ်ကဲခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း အပါအဝင် မရှောင်လွှဲနိုင်သော အကျိုးသက်ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စများ အတွက် သတ်မှတ်ခြင်း။

(ခ) အခါအားလျော်စွာ ပုဒ်မခွဲ (က)အရ ထုတ်ပြန်သော အမိန့်ကိုပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အစား ထိုးခြင်းပြုနိုင်သည်။ထိုသို့ လက်တွေ့ဆောင်ရွက်ရန် မဖြစ်နိုင်လျှင် သို့မဟုတ် တရားမျှတမှုမရှိလျှင် ပုဒ်မ ခွဲ (က) အရ နောက်ထပ် အမိန့်ကို ထုတ်ဆင့် နိုင်သည်။

(ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)အရ ထုတ်ဆင့်သည့် အမိန့်နှင့် ပုဒ်မခွဲ (ခ)အရ နောက်ထပ် ထုတ်ပြန် သော အမိန့်ကို ရုတ်သိမ်းနိုင်သည်။ ထို့ပြင် ဗဟိုဘဏ်သည် လိုအပ်သည်ဟုထင်မြင်လျှင် အဆိုပါအမိန့် တွင် လိုအပ်သောညွှန်ကြားချက် သို့မဟုတ် ဆက်နွှယ်သော နောက်ဆက်တွဲ သဘောသဘာဝရှိသည်များ ကို ထည့်သွင်းထုတ်ပြန်နိုင်သည်။