ပုဒ်မ ၃၁၃
ပုဒ်မ ၃၁၃
ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ ကိုယ်ဝန်ပျက်စေခြင်း

မည်သူမဆို ကိုယ်ဝန်လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ကိုယ်ဝန် ဆောင်မိန်းမ၏ သဘော မတူဘဲ တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြသည့်ပြစ်မှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားသူကြီးက  စစ်ဆေးနိုင်သည်။