အိမ်ကျော်နင်းမှုကို ကျူးလွန်ရာ၌ ထိုသို့ ကျော်နင်းရာဖြစ်သော အဆောက်အအုံမှဖြစ်စေ၊ တဲမှ ဖြစ်စေ၊ ရေယာဉ်မှဖြစ်စေ ကျော်နင်းကျူးလွန်သူကို ထုတ်ပယ်ရန် သို့မဟုတ် နှင်ရန် အခွင့်အရေးရှိသူက ထိုသို့ ကျော်နင်းသည်ကို မသိမမြင်အောင် ကြိုတင်စီမံမှုပြု၍ မည်သူမဆို အိမ်ကျော်နင်းမှုကို ကျူးလွန် လျှင် ထိုသူသည် “ပုန်းလျှိုး အိမ်ကျော်နင်းမှု”ကို ကျူးလွန်သည်မည်၏။