ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုသော်လည်းကောင်း၊ ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုကို သော်လည်းကောင်း ကျူးလွန်သည့်အခါ ထိုပြစ်မှုကို ကျူးလွန်ထင်ရှားသော သူတစ်ဦးဦးက သူတစ်ဦးဦးကို မိမိအလိုအလျောက် သေစေမှုကိုသော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေမှုကိုသော်လည်း ကောင်း ဖြစ်စေလျှင် သို့မဟုတ် ထိုသို့ဖြစ်စေရန် အားထုတ်လျှင် ထိုသို့ ညဉ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်း မှုကို သို့မဟုတ် ညဉ့်အချိန် အိမ်ဖောက်ထွင်းမှုကို ကျူးလွန်ရာ၌ တွဲဖက်ပါဝင်သူအသီးသီးကို ထောင်ဒဏ် နှစ်နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင် သည်။