ပုဒ်မ ၂(ထ)
ပုဒ်မ ၂(ထ)
အမှုဆောင်အရာရှိချုပ်

အမှုဆောင်အရာရှိချုပ် ဆိုသည်မှာ ငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စီမံခန့်ခွဲမှုတွင် အဓိကတာဝန်ရှိသူကိုဆိုသည်။ ဤစကားရပ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းတွင် တိုက်ရိုက်ခန့်ထားခြင်း ခံရသူဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းအတွက် ခေတ္တဆောင်ရွက်သူဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်သူဖြစ်စေ အကျုံးဝင်သည်။