ပုဒ်မ ၄၄၁
ပုဒ်မ ၄၄၁
ရာဇဝတ်မကင်းသော ကျော်နင်းမှု

မည်သူမဆို ပြစ်မှုကို ကျူးလွန်ရန် သို့မဟုတ် ပစ္စည်းလက်ရှိဖြစ်သူတစ်ဦးဦးကို ခြောက်လှန့်ရန် သို့မဟုတ် စော်ကားရန် သို့မဟုတ် စိတ်ငြိုငြင်စေရန် ကြံရွယ်ချက်ဖြင့် သူတစ်ပါး၏ လက်ရှိပစ္စည်း အတွင်းသို့ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ ဝင်ရောက်လျှင် သို့မဟုတ် ထိုပစ္စည်းအတွင်းသို့ဖြစ်စေ၊ အပေါ်သို့ ဖြစ်စေ ဥပဒေနှင့်အညီ ဝင်ရောက်ပြီးနောက် ပစ္စည်းလက်ရှိဖြစ်သူကို ခြောက်လှန့်ရန် သို့မဟုတ်စော်ကာရန် သို့မဟုတ် စိတ်ငြိုငြင်စေရန် သို့မဟုတ် ပြစ်မှုကိုကျူးလွန်ရန် ကြံရွယ်ချက်ဖြင့် ဥပဒေနှင့် ဆန့်ကျင်ကာ ထိုပစ္စည်း၌ ဆက်လက်၍နေလျှင် ထိုသူသည် “ရာဇဝတ်မကင်းသော ကျော်နင်းမှု” ကို ကျူးလွန်သည် မည်၏။