ပုဒ်မ ၄၈၄
ပုဒ်မ ၄၈၄
ပြည်သူ့ဝန်ထမ်းသုံးစွဲသော အမှတ်အသားကို အတုပြုခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်းသုံးစွဲသော ပစ္စည်းအမှတ်တံဆိပ်ကို အတုပြုလျှင် သို့မဟုတ် ပစ္စည်း တစ်ခုခုကို သူတစ်ဦးကဖြစ်စေ၊ အချိန်ကာလတစ်ခု၌ဖြစ်စေ၊ နေရာတစ်ခု၌ဖြစ်စေ ထုတ်လုပ်ကြောင်း သို့မဟုတ် ပစ္စည်းတစ်ခုသည် အမျိုးအစားတစ်ခုဖြစ်ကြောင်း သို့မဟုတ် ရုံးတစ်ခုခုသို့ရောက်ပြီးဖြစ် ကြောင်း သို့မဟုတ် ပစ္စည်းတစ်ခုသည် ကင်းလွတ်ခွင့်ရထိုက်ကြောင်း ဖော်ပြရန် ပြည်သူ့ဝန်ထမ်း သုံးစွဲ သောအမှတ်အသားကို အတုပြုလျှင် သို့မဟုတ် ဆိုခဲ့သော ပစ္စည်းအမှတ်တံဆိပ်ကို သော်လည်းကောင်း၊ အမှတ်အသားကိုသော်လည်း ကောင်း အတုဖြစ်ကြောင်း မိမိသိလျက်နှင့် အစစ်အမှန်အဖြစ်ဖြင့် သုံးစွဲလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ 
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။