ကလေးသူငယ်၏ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကလေးသူငယ်များအပေါ် အောက်ဖော်ပြပါ ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်လျှင် ထိုသူအား ပြစ်မှုကျူးလွန်သူဟု မှတ်ယူရမည်-
(က) ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အကျိုးအမြတ်အတွက် ကလေးသူငယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို လွှဲပြောင်းခြင်း သို့မဟုတ် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေခြင်း၊ ထိုသို့ ခိုင်းစေရန်အလို့ငှာ ရောင်းချခြင်း၊ ကမ်းလှမ်းခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် လက်ခံခြင်း၊
(ခ) ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ခိုင်းစေရန်အလို့ငှာ ကမ်းလှမ်းခြင်း၊ ရယူခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ထောက်ပံ့ခြင်း၊
(ဂ) ကလေးသူငယ်ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူးခြင်း သို့မဟုတ် ယင်းကိစ္စအလို့ငှာ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ပြည်ပမှတင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း။