ပုဒ်မ ၁၂၂
ပုဒ်မ ၁၂၂
စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိခန့်အပ်ခြင်း

 ဘဏ်တစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းစတင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သည် ဗဟိုဘဏ်ကို ဖြစ်စေ၊ ဗဟိုဘဏ်က အမည်စာရင်းပေးသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များကိုဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ရမည်။