ပုဒ်မ ၅၀၇
ပုဒ်မ ၅၀၇
ပစ်စာဖြင့် ရာဇဝတ်မကင်းသောခြောက်လှန့်မှု

မည်သူမဆို ပစ်စာဖြင့်သော်လည်းကောင်း၊ ခြိမ်းခြောက်သူ၏ အမည်ကိုဖြစ်စေ၊ နေရပ်ကိုဖြစ်စေ ထိမ်ချန်ရန် ကြိုတင်ပြုလုပ်ပြီးမှသော်လည်းကောင်း ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန် လျှင် ထိုသူကို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မအရ ပြစ်ဒဏ်အပြင် နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုး မျိုး ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။