ပုဒ်မ ၁၁၅
ပုဒ်မ ၁၁၅
အထွေထွေ

ဤဥပဒေတွင် ကလေးသူငယ်မှုခင်းများကို စုံစမ်းစစ်ဆေးခြင်း၊ ကလေးသူငယ်တရားရုံးသို့တရားစွဲ ဆိုတင်ပို့ခြင်း၊ စစ်ဆေးစီရင်ခြင်းနှင့် စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက်မပါရှိလျှင် ရာဇဝတ်ကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်။