ညွှန်ကြားရေးမှူးချုပ်က မှတ်ပုံတင်သည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် လွှဲအပ် ထားသော သစ်တောအရာရှိသည် -
(က) ပုဒ်မ ၃၁ အရ မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ စိစစ်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ငြင်းပယ်ခြင်းခံရသူသည် ငြင်းပယ်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်နိုင်သည်။ ညွှန်ကြားရေးမှူးချုပ်သည် သစ်တောအရာရှိက ချမှတ်ထားသည့်အမိန့်အပေါ် အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပြုနိုင်သည်။ ညွှန်ကြားရေးမှူးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။