ပုဒ်မ ၈
ပုဒ်မ ၈
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်

ဝန်ကြီးဌာနသည်-

(က) ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်တွင်းမှ လျှောက်ထားချက်ဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သောလုပ်ငန်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူ၍ သော်လည်းကောင်း၊ ထိုသို့ သဘောတူညီချက်ရ ယူရန် မလိုအပ်သော လုပ်ငန်းအတွက် ဝန်ကြီးဌာန၏ အဆုံးအဖြတ်ဖြင့်သော်လည်းကောင်း ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်။

(ခ) ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်ပမှ လျှောက်ထားချက်ဖြစ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက် ရယူ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြု နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ရန် ခွင့်ပြုသည့် အခါ လုပ်ငန်းလိုင်စင်၏သက်တမ်းကို တစ်ကြိမ်လျှင် အနည်းဆုံးငါးနှစ်မှ အများဆုံးအနှစ် ၂၀ အထိ လုပ်ကိုင်ရန် ခွင့်ပြုသည့် လုပ်ငန်းလိုင်စင်ထုတ်ပေးရေးအတွက် ဦးစီးဌာနသို့ ညွှန်ကြားရမည်။

(ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ရရှိသူသည် အပြည် ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှု၊ ချိတ်ဆက်မှုတို့အတွက် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားလာပါလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ရယူပြီး ယင်းလုပ်ငန်းအတွက် သီးခြားသတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြု နိုင်သည်။

(င) လုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးရန် လျှောက်ထားချက်ကို ဦးစီးဌာနက စိစစ်တင်ပြလာလျှင် သက်တမ်းတိုးရန် ခွင့်ပြုပေးနိုင်သည်။