သက်ဆိုင်ရာတရားရုံးသည်-
(က) ပုဒ်မ ၃၈ အရ လျှောက်ထားချက်ကို စိစစ်ပြီး ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထည့်သွင်းစဉ်းစားလျက် မိဘတစ်ဦးဦးကိုဖြစ်စေ၊ ဘိုးဘွားတစ်ဦးဦးကိုဖြစ်စေ၊ သွေးရင်းဆွေမျိုး တစ်ဦးဦးကိုဖြစ်စေ အုပ်ထိန်းသူအဖြစ်လည်းကောင်း၊ ယင်းတို့ တစ်ဦးဦးမရှိသည့်အခါ သင့်လျော်သော အခြားပုဂ္ဂိုလ်တစ်ဦးဦးကို အုပ်ထိန်းသူအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးသည့် စီရင်ချက်နှင့် ဒီကရီ ချမှတ်ပေးနိုင်သည်။
(ခ) ကလေးသူငယ်၏ အသက်အရွယ်နှင့် ရင့်ကျက်မှုကို တည်မှီပြီး ကလေးသူငယ်နှင့် စပ်လျဉ်းသည့် အုပ်ထိန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတို့အတွက် စီရင်ချက်နှင့် ဒီကရီချမှတ်ရာတွင် ထိုကလေး သူငယ်၏ ဆန္ဒသဘောထားကို ရယူရမည်။