အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံစီမံထိန်းသိမ်းရန် တာဝန်ရှိသူသည်-
(က) အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို အချက်အလက်အဆင့်အတန်းပေါ်မူတည်၍ သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းထားရှိ ရမည်။
(ခ) အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံနှင့် သက်ဆိုင်သော သတင်းအချက် အလက်များ ဖြန့်ဝေခြင်း၊ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် သိမ်းဆည်းခြင်းများကို သတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ရမည်။
(ဂ) အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ ဆိုက်ဘာလုံခြုံရေးအစီရင်ခံစာကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှတစ်ဆင့်ဝန်ကြီးဌာနသို့ ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်သွင်းရမည်။