ဦးစီးဌာနသည်-
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ ပြုရမည်။
(ခ) လိုင်စင်ရယူထားသော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ ကွန်ရက် အထောက်အကူပြုပစ္စည်းဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လုပ်ငန်း များကိုလည်းကောင်း စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ စစ်ဆေးခြင်းအတွက် လိုအပ်ပါက သင့်လျော်သောပုဂ္ဂိုလ်များဖြင့် စစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်း၍ လွှဲအပ်တာဝန်ပေးနိုင်သည်။