မည်သူမဆို မူးယစ်လျက် အများပြည်သူနှင့်ဆိုင်သော နေရာသို့ဖြစ်စေ၊ မိမိလာရောက်လျှင် ကျော်နင်းမှုဖြစ်မည့် နေရာသို့ဖြစ်စေလာရောက်၍ ထိုနေရာတွင် သူတစ်ဦးဦးအား စိတ်ငြိုငြင်အောင် ပြုမူလျှင် ထိုသူကို နှစ်ဆယ့်လေးနာရီထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။