မြီရှင်တို့ ဝေငှခွဲယူခြင်းကို တားဆီးရန် ပစ္စည်းကိုမရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ ဖယ်ရှားခြင်း သို့မဟုတ် ဝှက်ထားခြင်း။
မည်သူမဆို မိမိ၏ မြီရှင်တို့ သို့မဟုတ် အခြားသူတစ်ဦးဦး၏ မြီရှင်တို့ ဥပဒေအရ ပစ္စည်းဝေငှ ခွဲယူ ခြင်းကို တားဆီးရန်ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ဝေငှခွဲယူခြင်းကို မိမိက တားဆီးခြင်းပြုတန်ရာ သည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ ပစ္စည်းတစ်ခုခုကို မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြား လိုသောသဘောဖြင့်ဖြစ်စေ ဖယ်ရှားခြင်း သို့မဟုတ် ဝှက်ထားခြင်း သို့မဟုတ် သူတစ်ပါးလက်သို့ ပေးအပ်ခြင်းပြုလျှင် သို့မဟုတ် လုံလောက်သည့် အဖိုးစားနားမရှိဘဲ ထိုပစ္စည်းကို သူတစ်ပါးအား လွှဲပြောင်းလျှင် သို့မဟုတ် လွှဲပြောင်းစေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။