ပုဒ်မ ၂၅၉
ပုဒ်မ ၂၅၉
အစိုးရတံဆိပ်ခေါင်းအတုကို လက်ရှိထားခြင်း

မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း၏ အတုဖြစ်ကြောင်း သိလျက်နှင့် ထိုတံဆိပ်ခေါင်းအတုကို တံဆိပ်ခေါင်းအစစ်အဖြစ်ဖြင့်် သုံးစွဲရန် သို့မဟုတ် စီမံ ခန့်ခွဲရန် ကြံရွယ်၍ဖြစ်စေ၊ တံဆိပ်ခေါင်းအစစ်အဖြစ်ဖြင့်် သုံးစွဲရန်ဖြစ်စေ လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ် တစ်မျိုး မျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။