သတင်းပို့အဖွဲ့အစည်း ဆိုသည်မှာ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် သတ်မှတ်ထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သော အခြားစီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း (Designated Non-Financial Businesses and Professions-DNFBPs) ကိုဆိုသည်။ ယင်းစကားရပ်တွင် ဗဟိုအဖွဲ့ကအခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍သတင်းပို့ရန် သတ်မှတ်တာဝန်ပေးခြင်းခံရသည့် လူပုဂ္ဂိုလ်နှင့်ကုမ္ပဏီ သို့မဟုတ်အဖွဲ့အစည်း လည်းပါဝင်သည်။