သဏ္ဌာန်ဆောင်ဘဏ် ဆိုသည်မှာ နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းအဖွဲ့ တည်ထောင်ထားပြီး လိုင်စင်ရယူထားခြင်း သို့မဟုတ် အခြေစိုက်ထားခြင်းဖြစ်သော်လည်း ရုပ်ဒြပ်အရ တည်ရှိနေခြင်းမရှိသည့် အပြင် ထိရောက်ခိုင်မာစွာကြီးကြပ်မှုခံရသော ငွေရေးကြေးရေးအုပ်စုတစ်ခုနှင့် ပေါင်းစည်းထားခြင်းမရှိသည့် ဘဏ်ကိုဆိုသည်။
ရှင်းလင်းချက်။ ရုပ်ဒြပ်အရတည်ရှိခြင်း ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း စနစ်တကျ ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းနှင့် စီမံခန့်ခွဲခြင်းကိုဆိုသည်။