ပုဒ်မ ၄၃
ပုဒ်မ ၄၃
ဆိုက်ဘာမှုခင်းများဖော်ထုတ်ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်ခြင်းများအား ကာကွယ်ခြင်း

ဝန်ကြီးဌာနသည် အများပြည်သူအကျိုးအတွက် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အီလက်ထရောနစ်သတင်းအချက် အလက်ကို ယာယီပိတ်ပင်ခြင်း၊

(ခ) ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သော ပစ္စည်းများကို ယာယီထိန်းချုပ် ခြင်း၊

(ဂ) ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်အား ပိတ်သိမ်းခြင်း သို့မဟုတ် အများပြည်သူ အသုံးပြုရန် မသင့်ကြောင်း ကြေညာခြင်း။