ပုဒ်မ ၃ (ဍ)
ပုဒ်မ ၃ (ဍ)
အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (Alternative Care)

အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (Alternative Care) ဆိုသည်မှာ အခြေအနေတစ်ရပ်ရပ် ကြောင့် မိရင်းဖရင်း ပြုစုစောင့်ရှောက်မှုဆုံးရှုံးသွားသော သို့မဟုတ် မရရှိသော ကလေးသူငယ်များအား မိရင်းဖရင်းကဲ့သို့ ပြုစုစောင့်ရှောက်မှု နည်းလမ်းတစ်ခုခုဖြင့် ပြုစုစောင့် ရှောက်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဆွေမျိုးသားချင်းများက ပြုစုစောင့်ရှောက်ခြင်း၊ သင်တန်းကျောင်းအခြေပြု ပြုစု စောင့် ရှောက်ခြင်း၊ ယာယီပြုစုစောင့်ရှောက်ခြင်း စသည့်နည်းလမ်းများလည်း ပါဝင်သည်။