ဦးစီးဌာနသည် ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ပြီး အဆောက်အအုံနှင့် မြေကွက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု သို့မဟုတ် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုအတွက် လိုအပ်သည်ဟု ယူဆလျှင် သော်လည်းကောင်း၊ အဆောက်အအုံနှင့် မြေကွက်အတွင်းရှိ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း၏ အရည်အသွေးအား မြှင့်တင်ပေးရန် လိုအပ်သည်ဟု ယူဆလျှင်သော်လည်းကောင်း-
(က) အရင်းအနှီးစိုက်ထုတ်သူ သို့မဟုတ် အဆောက်အအုံနှင့် မြေပိုင်ရှင်အား၎င်း၏ အဆောက်အအုံ အတွင်း သို့မဟုတ် အပေါ်တွင်ဖြစ်စေ၊ မြေကွက်တွင်ဖြစ်စေ ကွန်ရက်အထောက်အကူပြုပစ္စည်းများကို သတ်မှတ်ထားသည့်အချိန်အတွင်း တပ်ဆင်နိုင်ရေးအတွက် နေရာပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းတို့ နှင့် ညှိနှိုင်း၍ ဆောင်ရွက်နိုင်သည်။
(ခ) သတ်မှတ်ထားသည့်အချိန်အတွင်း ကွန်ရက်အထောက်အကူပြုပစ္စည်းကို တပ်ဆင်ပေးရန် လုပ်ငန်း လိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်။
(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်ငွေကြေး များကို လုပ်ငန်းလိုင်စင်ရရှိသူက အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ကျခံရန် ညွှန်ကြားနိုင် သည်။