အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲ ခံရသောကလေးသူငယ်ကို ကလေး သူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအလို့ငှာ အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အကောင် အထည်ဖော်ဆောင်ရွက်ရန် ကလေး သူငယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းအရာရှိများအပါအဝင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ စေတနာရှင်များအား ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများဖြင့် လေ့ကျင့် ခြင်းနှင့် သင်တန်းများပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ရမည်။