လုပ်ငန်းလိုင်စင်ရရှိသူများသည်-
(က) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ကွန်ရက်အထောက်အကူပြုပစ္စည်း များ ဖြည့်ဆည်းဆောင်ရွက်ရာတွင်ဖြစ်စေ အငြင်းပွားမှုပေါ်ပေါက်သည့်အခါ အချင်းချင်း ညှိနှိုင်းဖြေရှင်း နိုင်ခြင်းမရှိပါက ထိုအငြင်းပွားမှုကို ဦးစီးဌာနသို့ တင်ပြနိုင်သည်။
(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများကို ကွန်ရက်အထောက်အကူပြုပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြု ခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းတို့ ဆောင်ရွက်ရာတွင် အငြင်းပွားမှုပေါ်ပေါက်ပါက ဦးစီးဌာနသို့ တင်ပြနိုင်သည်။