ပုဒ်မ ၁၈၁
ပုဒ်မ ၁၈၁
အထွေထွေ

ဤဥပဒေဖြင့် ရုပ်သိမ်းသည့် ဥပဒေအရ လိုင်စင်ရသူတစ်ဦးက ၎င်းဥပဒေနှင့်အညီ ဘဏ်စာရင်း ဖွင့်ထားသူတစ်ဦးဦး သို့မဟုတ် အခြားဆက်သွယ်ဆောင်ရွက်သူ၊ မြီစား၊ မြီရှင် သို့မဟုတ် အခြားသူတို့ နှင့် ဥပဒေအရ ချုပ်ဆိုခဲ့သော အရောင်းအဝယ် စာချုပ်များ၊ ဆက်သွယ်ရောင်းဝယ်မှုများ အားလုံးနှင့် ဥပဒေအရ ပြုလုပ်ခဲ့သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဤဥပဒေနှင့်အညီ တရားဝင်ပြုလုပ်ချုပ် ဆိုခဲ့သည်ဟု မှတ်ယူရမည့်အပြင် အလားတူအကျိုးသက်ရောက်သည့်နေ့မတိုင်မီ အနီးကပ်ဆုံး တည်ဆဲဖြစ်သည့် အဆိုပါရောင်းဝယ်မှုများနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်အရ အခွင့်အရေး သို့မ ဟုတ် တာဝန်ရှိမှုတစ်ခုခုကိုလည်း ဤဥပဒေအရ ဆက်လက်တရားဝင် အတည်ဖြစ်သည်ဟု မှတ်ယူရ မည်။